ဒက္ခိဏသီရိ စက်တင်ဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ယနေနံနက် (၁၀)နာရီမှစတင်၍ ဒက္ခိဏသီရိမြို့မဈေးနှင့် စီလမ်းဆုံ၌ ဒေသခံပြည်သူများ၊ စျေးရောင်းစျေးဝယ်သူများအား နှာခေါင်းစည်း Maskများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် Mask တပ်ဆင်သွားလာရန်အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဈေးရောင်း/ဈေးဝယ်နှင့်ခရီးသွား ပြည်သူများအား နှာခေါင်းစည်း Maskများအခမဲ့ဖြန့်ဝေပေးခြင်း၊ Mask တပ်ဆင်သွားလာရန် အသိပညာပေးခြင်းများနှင့် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာဆောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး စီလမ်းဆုံပူးပေါင်း စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်ဖွဲ့ဝင်များ အတွက်လည်း နှာခေါင်းစည်း Mask ဗူးများကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ကိုကို(ပြန်/ဆက်)