လင်းခေးခရိုင်၊ လင်းခေးမြို့၊ မြို့မစျေးကြီးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြဆောင်ရွက်

လင်းခေး  စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့၊ စည်ပင်သာယာစျေးကြီးအတွင်း မီးသတ်ဦးစီးဌာနမှ စျေးအခြေပြုမီးဘေးလုံခြုံရေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့်  လက်တွေ့မီးငြိမ်းသတ်သရုပ်ပြခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ စျေးကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လင်းခေးခရိုင် ယာယီမီးသတ်တပ်ဖွဲ့မှူး ဦးကျော်ကိုကိုသက်၊ မြို့နယ်မီးသတ်ဦးစီးဌာန တပ်ဖွဲ့မှူး ဦးဝင်းမင်းထွေးတို့က မီးဘေးအန္တရာယ်အကြောင်း အသိပညာဗဟုသုတရရှိစေရန်နှင့် မီးငြိှမ်းသတ်ရေးလုပ်ငန်းစဉ်များ၊ မီးသတ်ဆေးဗူးအသုံးပြုပုံများ၊ မီးဘေးအန္တရာယ်ကျရောက်ပါက လိုက်နာရမည့်အချက်များကို ရှင်းလင်းဟောပြောပြီး၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ဆက်လက်၍ စျေးသူစျေးသားများအား မီးသတ်ဆေးဗူးဖြင့် လက်တွေ့မီးငြိှမ်းသတ်ခြင်းကို သရုပ်ပြဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ လင်းခေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနေမိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူးဟိန်းဝင်းဇော်၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စျေးသူ​/စျေးသားများ စုစုပေါင်း (၉၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နန်းပြုံးရီ