ဝိုင်းမော်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေးရုံးခွဲနှင့် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတိန့်ဆောင်နှင့် တာဝန်ရှိသူများက ဝိုင်းမော်မြို့နယ် လျှပ်စစ် ဓာတ်အားပေးရုံးခွဲ တည်ဆောက်နေမှုနှင့် မြို့ပေါ်ရပ်ကွက်များ အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။