နွမ်းပါးပြည်သူများ၏ စားဝတ်နေရေး ချောင်ချိသက်သာစေရေးကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးဦးစီးဌာနတို့ ပူးပေါင်းကြီးကြပ်မှု များဖြင့် မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်ကြီးများမှ သတ်မှတ်ရက် များအလိုက် ဘိုကလေးမြို့ပေါ်ရှိ အမှတ် (၆၊ ၇၊ ၈၊ ၉၊ ၁၀) ရပ်ကွက်များ၊ မြို့နှင့် ထိစပ်လျက်ရှိသည့် သာပေါင်းကျေးရွာ၊ ဘုရားချောင်းကျေးရွာ တို့အား သက်သာသောဈေးနှုန်းများဖြင့် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ(၅၀)ကျပ်သားနှုန်း ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် (၁)နာရီ၌ အမှတ်(၆)ရပ်ကွက်တွင် ဆီပိဿာချိန်(၁၁၀)အား သွားရောက်ရောင်းချပေးခဲ့ သည်။