မိုးညှင်း စက်တင်ဘာ ၁၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ ၂၀၂၂−၂၀၂၃ ခုနှစ်ဘဏ္ဍာရေးနှစ် ဒုတိယသုံး လပတ် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွား တစ်ဦးလျှင် ၃၀၀၀၀ နှုန်းဖြင့် ယနေ့ နံနက် ၁၀ နာရီမှစ၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲဝင်များ၊ မိခင်နှင့် ကလေးစောင့် ရှောက်ရေး အသင်းဝင်များက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
မိုးညှင်းမြို့နယ်အတွင်းရှိ ကျန်ရှိသည့်အဘိုးအဘွားများအား ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး မှူးများမှတစ်ဆင့် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးသွား မည်ဖြစ် ကြောင်းနှင့် အဘိုးအဘွား ၈၂၀ ဦးအတွက် တစ်ဦးလျှင် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်းကျပ် ၂၄,၆၀၀,၀၀၀ ကို ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင် ထံမှသိရသည်။
ခရိုင် ပြန်/ဆက်