ကျိုင်းတုံ စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် စက်တင်ဘာ ၁၃ ရက် နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့နာရီစင်ရှေ့တွင် ရောင်းချပေးကြောင်း သိရသည်။
ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် နယ်မြေခံတပ်မတော်သားများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက တန်ဖိုးသင့် တပ်မတော်စက်ရုံထုတ် အသား၊ ငါးဗူများ၊ ခေါက်ဆွဲခြောက်၊ ဘီစကွတ်၊ စားသောက်ကုန်ပစ္စည်းများ၊ တပ်မတော်သားများ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် ဘက်စုံမွေးမြူရေးလုပ်ငန်းမှထွက်ရှိသော ဆန်၊ ကြက်သား၊ ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက်များ စသည့် စားသောက်ကုန်အမျိုးမျိုးကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)