လယ်ဝေး စက်တင်ဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ၂၀၁၉-၂၀၂၀၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုပညာရည် ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင်ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ဦးမြင့် စိုးတို့ တက်ရောက်ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက ဘက်စုံပညာဂုဏ်ရည် ဒို့လှမ်းချီသီချင်းဖြင့် အခမ်းအနား စတင်ဖွင့်လှစ်သည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလေးများအား သင်ကြားခဲ့သည့်ပညာများကို ကောင်းမွန်အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်ရန်နှင့် ပညာရေးတွင် ဆရာဆရာမ၊ မိဘနှင့်ကျောင်းသားများပေါင်းစပ်ကာ ဟန်ချက်ညီညီဆောင်ရွက်မှသာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက် လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုးတို့က ၂၀၁၉-၂၀၂၀၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရကျောင်းသားကျောင်းသူ များအား ဆုများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ကျောင်းသားကျောင်းသူလေးမျာက (၃၈)ဖြာမင်္ဂလာကဗျာဖြင့်လည်းကောင်း၊ ခရီးသွားကြမယ် ကဗျာဖြင့်လည်းကောင်း၊ ကောက်စိုက်ချိန်သီချင်းဖြင့်လည်းကောင်း၊ ကဗျာလွတ်အကဖြင့်လည်းကောင်း၊ အလှကမ္ဘာမြေသီချင်းဖြင့်လည်းကောင်း၊ မေတ္တာဖြန်းမှ လန်းဆန်းမယ် စသည့်သီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆေးရုံအုပ်ကြီးနှင့် ဆရာဆရာမကြီးများက ကျောင်းသားကျောင်းသူများအား ထူးချွန်စွာ အောင်မြင်အောင် သင်ကြားပို့ချပေးခဲ့သည့် ဆရာ/ဆရာများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)