လှိုင်းဘွဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် Mask Campaign ဆောင်ရွက်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံနှင့် မြို့နယ်ရဲတပ်ဖွဲ့စခန်းအရှေ့၊ ဘားအံ-လှိုင်းဘွဲ-ပိုင်ကျုံလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေကြသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇) နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။