ရွှေကူမြို့နယ် ခုံခမ်း အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းများဆောင်ရွက်

ရွှေကူ      စက်တင်ဘာ      ၁၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် လူငယ်လူရွယ်များစာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြသခြင်းနှင့်စာဖတ်ဝိုင်းများဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ရွှေကူမြို့ အမှတ်(၁)  ရပ်ကွက်ရှိ ခုံခမ်း အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ပပ  သိန်းက ဌာန၏ လုပ်ငန်းများနှင့်မိတ်ဆက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုဆိုသည်မှာ၊ လူကုန်ကူးမှုပေါ်ပေါက်လာသည့်အကြောင်းအရာများ၊ လူကုန် ကူးခံရနိုင်သည့်အဓိကအကြောင်းအရာများ၊လူကုန်ကူး မှုဖြစ်စဉ်များ၊တားဆီးကာကွယ်ရန်နည်းလမ်း

များကို ကျောင်းသားကျောင်းသူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးခန့်မျိုးမောင်က “လူငယ် နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့်  အသိပညာပေးဟောပြောခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သူဇာမြင့်နှင့်ဝန်ထမ်းများက ကျောင်းသားလူ ငယ်များအား ပုံပြင်များဖတ်ပြခြင်းနှင့် စာဖတ်ဝိုင်းများဆောင်ရွက်ပေးခဲ့ကြကြောင်းသိရှိရသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုဆိုင်ရာများ၊ ကျန်းမာရေးဆိုင်ရာများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များ ကို ခင်းကျင်းပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုကြကြောင်း သိရှိရသည်။