မိုးနဲ စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် တပ်နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက မြို့နယ်လုံခြုံရေး ၊တရားမဝင်ကုန်စည်များ တင်သွင်းမှုမရှိစေရေးနှင့်ပြည်သူများ ယာဉ်အန္တရယ်ကင်းရှင်းရေး အတွက် ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့ဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုးနဲမြို့နယ်တပ်နယ်မှူး ဗိုလ်မှူးတိုးဝင်းဖေ ဦးဆောင်သောတပ်မတော်သားများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအောင် ဦးဆောင် သောရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဝင်များက ဖြတ်သန်းသွားလာသော ကုန်တင်ယာဉ်ကြီးများ၊ ယာဉ်ငယ်များနှင့်မော်တော်ဆိုင်ကယ်များအား ရပ်တန့်စေ၍ တရားမဝင်ကုန်စည်များ သယ်ဆောင်လာခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်တိုက်မှုလျော့နည်းကျဆင်းရေးအတွက် မော်တော်ယာဉ်မောင်းနှင်သူများ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီမောင်းနှင်ရန်၊ မော်တော်ဆိုင် ကယ်မောင်းနှင်ရာတွင်လည်း ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်မောငါးနှင်ရန်၊ ဆိုင်ကယ်လိုင်စင်များယူဆောင်လာကြရန် စသည့်လိုက်နာရမည့် စည်းကမ်းများနှင့် ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေးခြင်း၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအသုံးပြု၍ သွားလာကြသည့်ခရီးသွား ပြည်သူများအနေဖြင့် ဥပဒေနှင့်မလွတ်ကင်းသည့် ပစ္စည်းများသယ်ဆောင်လာခြင်းမပြုကြရန် အသိ/ သတိပေးခြင်းများ ဆောင်ရွက်ခြင်းနှင့် သယ်ဆောင်လာခြင်း ရှိ/မရှိစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)