ဘောလခဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး( ၅ ) ကြောင်းမှ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာန ဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းမှ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဘောလခဲမြို့နယ် ရှမ်းပိုင်းရပ်ကွက်အတွင်းရှိ ပြည်သူ များ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန် က မြို့လယ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

တာမွေမြို့နယ်ရှိ နားမကြားသောကလေးများကျောင်း (ရန်ကုန်)၌ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန နားမကြားသောကလေးများကျောင်း (ရန်ကုန်)တွင် ယနေ့နံနက် (၁၀:၀၀)အချိန်က ကျောင်းသား/ သူများအား ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ကျန်းမာရေး အသိပညာပေးဟောပြောပွဲတွင် ရန်ကုန်တိုင်း လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ နေခြည်သက်နိုင် က ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အကြောင်း အရာများ၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် လက္ခဏာများ၊ ရောဂါဖြစ်ပွားစဉ် ဂရုပြုရမည့်အချက်များ၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားကြောင်း သံသယဖြစ်ဖွယ်ရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ကျန်းမာရေးကုသမှုခံယူရန်၊ နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးခြင်းနှင့် လူစုလူဝေးများကိုရှောင်ရှားရန် စသည့်အချက်များကို ဆွေးနွေးဟော ပြောရာ တာမွေမြို့နယ် နားမကြားသောကလေးများကျောင်း (ရန်ကုန်)မှ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား/ သူများအား လက်သင်္ကေတဖြင့် သရုပ်ပြပေးခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များအား ရွေ့လျား(Mobile) စနစ်ဖြင့်ရောင်းချပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များအား ရွေ့လျား(Mobile)စနစ်ဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီက အမှတ် ၉ ရပ်ကွက် အိမ်ကြီးလမ်းရှိ ပျံကျစျေးသည်များနှင့် ရေကျော်စျေးအတွင်းရှိ စျေးသည်များနှင့် စျေးဝယ်များအား အသိပညာပေး Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးနှင့် ခြင်ကျားပိုးလောက်လန်း ကင်းစင်ကျောင်းများထူထောင်ရေး သင်တန်းဖွင့်လှစ်

တိုင်းဒေသကြီးအဆင့် ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးနှင့် ခြင်ကျားပိုးလောက်လန်း ကင်းစင်ကျောင်းများ ထူထောင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

တိုက်ကြီးမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ စာအုပ်ပြပွဲနှင့်နံရံကပ်ပြပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျောင်းသား/သူများနှင့် စာဖတ်ပရိတ်သတ်များအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီကအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

အင်းစိန်မြို့နယ်၌ ပြည်သူများထံ လက်ဝယ်အရောက် စျေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ပြည်သူများ လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ပြည်သူများထံ လက်ဝယ်အရောက် စျေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန် က အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ မြို့သစ် (က +ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးခဲ့သည်။

ဒလမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကိုဗစ်ကော်မတီ အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးအတွက် ကိုဗစ်ကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်မြို့နယ် ထန်းသုံးခွကျေးရွာအုပ်စု၊ ထန်းသုံးခွကျေးရွာတွင် စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍများနှင့် ဒေသဖွံ့ဖြိုးရေး အသိပညာပေးကွင်းဆင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သည့်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်ဌာနဆိုင်ရာများက ယမန်နေ့နံနက်ပိုင်း က ထန်းသုံးခွကျေးရွာအုပ်စု၊ ထန်းသုံးခွကျေးရွာသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to