ကာမိုင်းမြို့၌ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူ‌ခေါက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ Grade-1, Grade-2 တန်းမှ ကလေးငယ်များအား အရောင်ရွေးချယ်တတ်စေရန်နှင့် ဉာဏ်ရည်ထက်မြက် တိုးတက်စေရန်အတွက် ဆေးရောင်ပြိုင်ပွဲ၊ စက္ကူ‌‌ခေါက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက်(၁၀)နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ကျင်းပခဲ့သည်။

ဟိုပန်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စိုက်ပျိုးမွေးမြူရေး မြစိမ်းရောင်စီမံကိန်းကျေးရွာ အကောင်ထည်ဖော်ရေး လုပ်ငန်းဆိုင်ရာများအား ကွင်းဆင်းရှင်းလင်း

နိုင်ငံတော်မှ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွက် အရင်းမပျောက် မတည်‌‌ေဆာင်ရွက်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်(၅)ဘီလီယံဖြင့် မြစိမ်းရောင်စီမံကိန်း အကောင်အထည် ဖော်နိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းဆိုင်ရာများ ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဟိုပန်မြို့၊ ဌာနဆိုင်ရာများပူးပေါင်း၍ ဟိုပန်မြို့နယ် စံပြကျေးရွာ၊ ရွှေဝါကျေးရွာ နှင့် နောင်မိုကျေးရွာ အုပ်စုများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့နယ်၌ မွေးမြူရေးဆိုင်ရာအသိပညာပေး Talk Show ဆောင်ရွက်

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ မွေးမြူရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံဆောင်ရွက်ခဲ့ကြသည်။

ဘိုကလေးမြို့နယ်မှ မေတ္တာဝါဒီပရဟိတဖောင်ဒေးရှင်း ဦးဆောင်ဆရာတော်အား အဂ္ဂမဟာပရဟိတဓရ ဘွဲ့တံဆိပ်တော်ဆက်ကပ်ပူဇော်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် အောက်စီဂျင်၊ သွေး၊ ဆေးဝါး၊ ပညာဒါန၊ အာဟာရဒါနကူညီလှူဒါန်းမှုများ၊ လူငယ်များအတွက် အကျိုးပြုသင်တန်းများအား စဉ်ဆက်မပျက် ကူညီဆောင်ရွက်နေသော ဘိုကလေးမြို့နယ်၊ ကျော်ဇံထေရဝါဒ ကျောင်းတိုက်နှင့် မေတ္တာဝါဒီသာသနာ့ရိပ်သာတို့၏ ပဓာနနာယက၊ မေတ္တာဝါဒီ ပရဟိတဖောင်ဒေးရှင်း၏ ဩဝါဒစရိယ ဖြစ်တော်မူသော မြန်မာ့ပရဟိတသာသနာပြု ဂုဏ်ထူးဆောင်ဘွဲ့ရ ဘဒ္ဒန္တသူရိယအား ယနေ့နေ့လယ် (၁)နာရီတွင် ဘိုကလေးမြို့မ ဆွမ်းလောင်းအသင်းကြီး၌ “အဂ္ဂမဟာ ပရဟိတဓရ” ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်း အခမ်းအနား ကျင်းပဆောင်ရွက်သည်။

လှိုင်သာယာ(‌အ‌ရှေ့ပိုင်း)မြို့နယ်‌၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ တားဆီးကာကွယ်ရေး အတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက် 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉  မျိုးကွဲသစ်အိုမီခရွန် တားဆီးကာကွယ်ရေးအတွက် ပိုးသတ်‌ဆေးဖျန်းခြင်း လုပ်ငန်းများကို  ယမန်နေ့နံနက်(၉)နာရီက လူစည်ကားရာ‌ နေရာများဖြစ်သော လမ်းမများ၊ မီးပွိုင့်များတွင် ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ကျိုက်ထိုမြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်း နေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန Community Center ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ (၁၂)နာရီက ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘုတလင်မြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှု၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဘုတလင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ‌ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ခုံမင်းကြီးရပ်ကွက်သို့ သွားရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။      

ကရင်ပြည်နယ်၊ ဘားအံပညာရေးဒီဂရီကောလိပ်တွင် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံပညာရေးဒီဂရီကောလိပ်တွင် စက်တင်ဘာ ၁၃ ရက်နေ့၌ ကျရောက်မည့်  မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၈ရက်နေ့မွန်းလွဲပိုင်းက အဆိုပါ ဒီဂရီကောလိပ်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကျောက်ကြီးမြို့နယ်၌ (Youth Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် (Youth Club) အဖွဲ့ဝင်များနှင့် လယ်တွင်သား စောချစ် ရေးသားထားသော ပန်းများပွင့်စေမွှေးစေသူ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)   ခန်းမ၌ ယမန်နေ့ညနေ (၃) နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to