အလုံမြို့နယ်‌၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါတားဆီးကာကွယ်ရေး ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ရေး Mask Campaign နှင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်  

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ကိုဗစ်-၁၉  မျိုးကွဲသစ် အိုမီခရွန်ကာကွယ်၊ တာဆီး၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့် အခါတိုင်း ပါးစပ်၊ နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်သည့် အလေ့အကျင့် ကောင်းများ လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍   ပါးစပ်၊ နှာခေါင်းစည်း   (Mask) တပ်ဆင်ရေး Mask Campaign နှင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ် နိုးသူ ( Book Club ) အသင်းဝင်များ၊ စာဖတ်ပရိသတ်တို့ပူးပေါင်း၍ ၂၀၂၂ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ်မှ စာရေးဆရာ ယု(ဟီးရိုး)ရေးသားသော “စာတတ် မြောက်ခြင်း စာဖတ်ရှိန်မြင့် မားခြင်းနှင့်နိုင်ငံ ဖွံ့ဖြိုးတိုး တက်မှု”ဆောင်းပါးဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ တွင်ကျင်းပခဲ့ကြောင်းသိရသည်။

ပေါက်တောမြို့တွင် ပြည်သူများ ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု မရှိလာစေရန် နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု မရှိလာ စေရန်နှင့် ကာကွယ် ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် (၇:၀၀) နာရီက လူစည်ကားရာတြိဂံ လမ်းဆုံနှင့် လမ်းမတစ်လျှောက် ဒေသခံပြည်သူများ၊ စျေးရောင်းစျေးဝယ်သူများအား Mask Campaign အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
Subscribe to