ရန်ကုန် စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ပြည်သူများ လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ပြည်သူများထံ လက်ဝယ်အရောက် စျေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန် က အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ မြို့သစ် (က +ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးရာတွင် ဆန်တစ်ပြည် (၁၆၀၀)ကျပ်၊ ကြက်ဥတစ်လုံး (၁၇၅)ကျပ်၊ ဆီတစ်ပိဿာ ( ၅၃၀၀)ကျပ်နှုန်းဖြင့် ရောင်းချရာ ပြည်သူများ ဝယ်ယူခဲ့သည်။
ရောင်းချပေးရာသို့ အင်းစိန်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသုခလှိုင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး သန့်ဇင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် တာဝန်ရှိသူများက ပြည်သူများ ဝယ်ယူနေသည်များကို အဆင်ပြစေရန်ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)