ဒေးဒရဲမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ (PPE) ဝတ်စုံများ ထောက်ပံ့လှူဒါန်း
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဒေးဒရဲမြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ အရေးပေါ်ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များသို့ PPE ဝတ်စုံများ ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။