တိုက်ကြီး စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စန်းကလျာခိုင်က လူကုန်ကူးမှုအန္တရာယ်ကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာ Talk Show ကျင်းပရခြင်း ရည်ရွယ်ချက်ကို ဆွေးနွေးသည်။ ဆက်လက်၍ အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်သိမ်းသိမ်းဖြူက လူကုန်ကူးခြင်းနှင့် လူမှောင်ခိုခြင်းဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးခဲ့သည်။ ထို့နောက်တိုက်ကြီးမြို့နယ် မြန်မာနိုင်ငံသတင်းစာဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာထွန်းလှိုင်(မြိုင်)က မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေများနှင့်ဆက်စပ်သည့် တည်ဆဲဥပဒေများ၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။
အဆိုပါ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို အများပြည်သူကြည့်ရှုလေ့လာနိုင်ရေးအတွက် တိုက်ကြီးမြို့နယ်၊ ပြည်သူ့စာကြည့်တိုက် လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
စန်းကလျာခိုင်( ပြန် / ဆက်)