ဘောလခဲ စက်တင်ဘာ ၉
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာန ဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းမှ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဘောလခဲမြို့နယ် ရှမ်းပိုင်းရပ်ကွက်အတွင်းရှိ ပြည်သူ များ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန် က မြို့လယ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ဘောလခဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဇော်ဝင်းအောင်၊ အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး နော်ခမ်းနှင့်အဖွဲ့ဝင်များ၊ စစ်ကြောင်းကြီးများတွင် ပါဝင်သော မြို့နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တွေ့ဆုံကြသည်။ ရှေးဦးစွာ အဖွဲ့(၁) နိုင်ငံရေး စစ်ကြောင်း အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးဇော်ဝင်းအောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်အား ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခြင်း၊ အဖွဲ့ (၂) အုပ်ချုပ်ရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်အောင်မှ နယ်မြေ တည်ငြိမ်အေးချမ်းရေးကိစ္စရပ်များနှင့် ပတ်သက်၍ ကောလဟာလနှင့်အကြမ်းဖက် အဖွဲ့အစည်း များ၏ သတင်းအမှားများအကြောင်း ဆွေးနွေးခြင်း၊ အဖွဲ့( ၃ ) လူမှုရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာထွန်း မှ အခြေခံပညာရေးကျောင်းများ ပညာသင်ကြားရေးအတွက် လိုအပ်ချက်များ ဖော်ဆောင်ရေးနှင့်အဖွဲ့ဝင် ဆေးရုံတာဝန်ခံ ဒေါက်တာခင်ဝင်းချစ်မှ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးလိုအပ်ချက်များအကြောင်း ဆွေးနွေးပြောကြားခြင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဇော်ထက်မှ မီးဘေးနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ ပြောကြားခြင်း၊ အဖွဲ့ (၄) စည်းရုံးရေး စစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး ဦးစောငြိမ်းသောင်းမှ ပန်ခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်၊ အိမ်ထောင်စုလူဦရေးစာရင်းများ ပြုလုပ်ခြင်းဆိုင်ရာများ ဆွေးနွေးပြောကြားခြင်း၊ အဖွဲ့ (၅) ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမာအီး မှ စိုက်ပျိုးရေးအတွက် လိုအပ်ချက်များ (မျိုး၊မြေသြဇာ) စိုက်ပျိုးရေးအတွက် အကူအညီပေးမှုများအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးကိုကိုဦးမှ လယ်ယာမြေလုပ်ကိုင်ခွင့် လက်မှတ်မရရှိသေးသူများကို လယ်ယာမြေဥပဒေနှင့်အညီ ဆောင်ရွက်ပေးနေမှုတို့အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍တက်ရောက်လာသောဒေသခံ ပြည်သူများမှ သိရှိလိုသည်များအား မေးမြန်းခဲ့ပြီး၊ လိုအပ်ချက်များအား တင်ပြခဲ့ရာ တင်ပြချက်များအပေါ် သက်ဆိုင်ရာအဖွဲ့များမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူများအား ဘောလခဲအခြေစိုက် အမှတ်(၁၂/၂၅) တပ်မတော်စစ်ဆေးဆွယ်မှ တပ်မှူး ဗိုလ်မှူးဟန်စိုးတာနှင့် အရာရှိစစ်သည်များမှ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားကို ဒေသခံပြည်သူ (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)