စလင်းမြို့နယ်တွင် ၂၀၂၂_၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများအား ကျေးရွာအုပ်စု (၆)အုပ်စုသို့ ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၆)အုပ်စုအား မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ စလင်းဘဏ်ခွဲမှ ၂၀၂၂_၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေကို တောင်သူများ မိုးရာသီကာလ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေးကို ကောင်းစွာ လုပ်ကိုင်နိုင်ရန် ယမန်နေ့ နံနက်ပိုင်းက ကျေးရွာအုပ်စုရှိ တောင်သူ(၃၉)ဦးအား ထုတ်ချေးခဲ့ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းအနေဖြင့် ဖုံးသွန်လဲစစ်လုပ်ငန်းများဆောင်ရွက်

မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်ရှိ အမှတ်(၂)ရပ်ကွက် ၅၄လမ်းလမ်းတို့တွင် ယမန်နေ့နံနက် ၁၀ နာရီက  သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်နှင့် ခြင်များမပေါက်ပွားစေရန်အတွက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းအနေဖြင့် ဖုံးသွန်လဲစစ် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှု ဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေနံနက် (၈) နာရီအချိန်က ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့သွားရာ မြို့ဝင်/ထွက်ဂိတ်၌ စျေးရောင်း/ စျေးဝယ် လာသူများ၊ ခရီးသွားပြည်သူများအား Mask Campaign အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်တွင် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster Dose) ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိရာ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster Dose) ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

ဗန်းမော်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်သိန်းပေါင်း (၄၄ဝဝ)ကျပ်ဖြင့် စိုက်ပျိုးရေး မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ဖွဲ့စည်းခြင်း ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် ကျေးရွာ(၈)ရွာအား စိုက်ပျိုးမွေးမြူရေးတောင်သူများ လိုအပ် လျက်ရှိ သော သွင်းအားစုနှင့် နည်းပညာများ ပံ့ပိုးကူညီပေးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေးမြစိမ်းရောင်ကျေးရွာ စီမံကိန်း မိတ်ဆက်ရှင်းလင်း ခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်း ခြင်းကို ဗန်းမော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဗန်းမော်မြို့နယ် စီးပွားမြှင့်တင်ရေး ကြီးကြပ်မှုကော်မတီတို့က ယမန်နေ့ နံနက်ပိုင်းက သိန်လင်ကျေးရွာနှင့် ကံကြီးကျေးရွာတို့၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် နေကြာ ၅၂၁ ဧက လျာထားစိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် နေကြာ ၅၂၁ ဧက လျာထားစိုက်ပျိုးမည် ဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာ ရုံးများအရောက် စာအုပ်များ အခမဲ့ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့ နံနက်(၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
Subscribe to