သုံးခွ စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျောင်းသား/သူများနှင့် စာဖတ်ပရိတ်သတ်များအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီကအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက လူကုန်ကူးမူအမျိုးအစားများအကြောင်း၊ လူကုန်ကူးခံရခြင်းနှင့်ပက်သက်သည့် ဆိုးကျိုးများ၊ လူကုန်ကူးမခံရအောင် သတိပြုရှောင်ရှားရမည့်အချက်များ၊ လူကုန်ကူးခံရခြင်းကြောင့်ရရှိသော စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများမူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် စာအုပ်ပြပွဲကို ဆက်လက်ပြုလုပ်ရာ တက်ရောက်လာသော ကျောင်းသား/သူများနှင့် စာဖတ်ပရိတ်သတ်များက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြပြီး မြို့နယ်ရုံးမှပြသထားသော လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကိုလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)