သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များအား ရွေ့လျား(Mobile) စနစ်ဖြင့်ရောင်းချပေး

သာယာဝတီ    စက်တင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များအား ရွေ့လျား(Mobile)စနစ်ဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါရောင်းချခြင်းကို ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ စားသောက်ရေးအဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ မြို့နယ်အတွင်း ရပ်ကွက်များ၊ စျေး၊ဝန်ထမ်းအိမ်ယာများသို့ လှည့်လည်၍ ကျန်းမာရေးနှင့်ညီညွတ်သော လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံ၊ ကြက်ဥများကို စျေးနှုန်းသက်သာစွာဖြင့် တစ်ပတ်လျှင်နှစ်ကြိမ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)