တံတားဦးမြို့တွင် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်
တံတားဦးခရိုင် တံတားဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ရပ်ကွက်နှင့် ကျေးရွာများရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ် ဆေးထိုးခြင်းနှင့် တိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီကစတင်၍ သက်ဆိုင်ရာစုရပ်များတွင် ကာကွယ်ဆေးများထိုးနှံ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။