ဒလမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကိုဗစ်ကော်မတီ အစည်းအဝေးကျင်းပ

ဒလ  စက်တင်ဘာ  

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးအတွက် ကိုဗစ်ကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးစည်သူကျော် က အဖွင့်အမှာ စကားပြောခဲ့သည်။  ထို့နောက် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု အခြေအနေများရှိလာမှုကြောင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယခင် ()နေရာဖြင့် ဆောင်ရွက်နေခြင်းကို တိုးမြှင့်ဆောင်ရွက်ရန်၊  ပါစပ်နှင့် နှာခေါင်းစည်း Mask များစနစ်တကျ တပ်ဆင်ရန်အတွက် လူထူထပ်သောနေရာများတွင်  Mask Campaign များ ပြန်လည်ပြုရန်၊ ကိုဗစ် -၁၉ ရောဂါ ကာကွယ်နည်း အသိပေးဆောင်ပုဒ်များကို လူသွားလူလာများသော နေရာများတွင် ဗီနိုင်းဖြင့် ကြော်ငြာထားရန်၊ Quarantine Centre များ လျာထားဆောင်ရွက်ရန် တို့ကိုဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ဆရာဝန်ကြီ ဒေါက်တာ ထွန်းဝင်း က ဆေးရုံတွင် ပို့တွေ့လူနာများ ဆောင်ရွက်ထားမှု၊ ကိုဗစ် - ၁၉ ရောဂါ အိုမီခရွန်မျိုးကွဲ BA. 4 နှင့် BA.5 ရောဂါလက္ခဏ ကွာခြားမှု ကိုရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် () ဗိုလ်မှူးမင်းအောင်မှ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနများတွင်းလည် ကိုဗစ်ရောဂါ ကာကွယ်ရေးပစ္စည်းများ ပြန်လည်ဆောင်ရွက်ထားရန်၊ လုံခြုံရေးကိစ္စများဂရုစိုက်ရန် ဆွေးနွေး မှာကြားခဲ့သည်။

သီတာဝင်း (ပြန်ဆက်)