မတ္တရာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်းများ တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၇နာရီက မတ္တရာမြို့မဈေးတောင်ဘက် ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်တွင် ဆောင်ရွက်ခဲ့သည်။