စလင်းမြို့နယ်တွင်ရှိ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများအား အချိန်မီပြီးစီးနိုင်ရေး ကူညီဆောင်ရွက်ခဲ့ကြသော ဌာနဆိုင်ရာဝန်ထမ်း (၉၄)ဦးတို့အား ဂုဏ်ပြုဆုငွေပေးအပ်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များအား Software Program ဖြင့်ထည့်သွင်းရိုက်ကူးခြင်းလုပ်ငန်းကို ဇူလိုင် ၁၈ ရက်နေ့မှ စတင်လုပ်ဆောင်ခဲ့ရာ ပြီးစီးခဲ့၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင် က စက်တင်ဘာ ၁၁ ရက် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် ကူညီဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများကို ဂုဏ်ပြုဆုငွေများကို တစ်ဦးခြင်းစီ ပေးအပ်ခဲ့သည်။