ပြည်ကြီးမဏ္ဍိုင်မြို့တွင်မသန်စွမ်းသူများဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  (Community  Centre) ခန်းမတွင် မသန်စွမ်းသူများဆိုင်ရာအသိပညာပေးTalk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်ကပြုလုပ်ခဲ့သည်။

ဝမ်းတွင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထပ်ဆောင် းထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဝမ်းတွင်း(၁)တွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

တောင်ငူ၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ပြည်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ​ပြည်သူများစာဖတ်သည့် အလေ့အထများရှိလာစေရန်၊ စာပေကို လက်လှမ်းမီစွာ ဖတ်ရှုလေ့လာနိုင်စေရန်၊​စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာပြီး အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ရွေ့လျား‌စာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များကို ပြည်သူများ လက်ဝယ်အရောက် သွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ခရိုင်/ မြို့နယ် ပညာရေးမှူးရုံး၊ ခရိုင်အိုးအိမ်ဦးစီးဌာနနှင့် အထက (၁) သို့ သွားရောက်ငှားရမ်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက်ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ယမန်နေ့ညနေ့က ကွမ်းခြံကုန်း-ဒေးဒရဲလမ်းမကြီးတစ်လျှောက်၊ မြို့မစျေးကြီးနှင့်စျေးပတ်လမ်းတစ်လျှောက်တို့တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်တွင် ကမ်းပါးပြိုကျမှုကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်(၂၆)လုံးအတွက် ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရေလယ်သောင်ကျေးရွာတွင် စက်တင်ဘာလ ၈ ရက်နေ့က  ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးပြိုကျမှုကြောင့် းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်(၂၆)လုံးအတွက် စက်တင်ဘာလ၁၁ရက် နံနက်၈နာရီခွဲတွင် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့တွင် စိုက်ပျိုးထုတ်လုပ်မှုမြင့်မာရေး စိုက်ပျိုးရေးနည်းပညာပေး သင်တန်းပို့ချ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ စိုက်ပျိုးထုတ်လုပ်မှု မြင့်မာရေးအတွက် တောင်သူများအား စိုက်ပျိုးရေးနည်းပညာပေး သင်တန်းပို့ချခြင်းကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

ပဲခူးမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ပဲခူးမြို့၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းရှိ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သရက်မြို့၌ ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးရက်တို သင်တန်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်  သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့သည်။

ဖြူးမြို့နယ် ကျောင်းမုန့်ဈေးဆိုင်များအား ကျန်းမာရေးနှင့် ညီညွတ်စွာ ရောင်းချမှု ရှိမရှိ စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဝယ်ယူစားသုံးသည့် မုန့်ပဲသွားရည်စာများရောင်းချသည့် ကျောင်းမုန့်ဈေးဆိုင်များအား ကျန်းမာရေးနှင့် ညီညွတ်စွာရောင်းချမှု ရှိ/မရှိ အခြေအနေများကို ယနေ့နံနက်ပိုင်းက အမှတ်(၁)/ အမှတ်(၂)/ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းများ အပါအဝင် ဖြူးမြို့ပေါ်ကျောင်းများတွင် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်တွင် ရပ်ရွာအခြေပြုအဖွဲ့ဝင်များအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အသိပညာပေး သင်တန်းပို့ချ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် ယနေ့ စက်တင်ဘာ ၁၂ ရက် နံနက် ၈ နာရီ ၃၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ရွာအခြေပြုအဖွဲ့ဝင်များအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာအသိပညာပေးသင်တန်းကို ဖွင့်လှစ်ခဲ့သည်။
Subscribe to