ဖျာပုံ စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနတို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဖျာပုံမြို့နယ်ဆန်စက်၊ဆန်ကုန်သည်များအသင်း၊ မြို့နယ် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကူညီမှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပြည်သူများ သက်သာချောင်ချိရေး အခြေခံစားသောက်ကုန် ပစ္စည်း(၅)မျိုးအား သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် စက်တင်ဘာလ (၁၂)ရက်နေ့ နံနက် (၈)နာရီအချိန်က ဖျာပုံမြို့အမှတ် (၁၅)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် ရောင်းချပေးလျက် ရှိကြသည်။
အဆိုပါ အခြေခံပြည်သူများ သက်သာချောင်ချိရေး ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကြက်ဥနှင့် ချဉ်ပေါင်ရွက်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးရာတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးနိုင်လင်း၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဖျာပုံမြို့နယ်ဆန်စက်၊ ဆန်ကုန်သည်များအသင်းမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အခြေခံပြည်သူများအား၊ သက်သာချောင်ချိရေး၊ ဆန်(၁)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်သွန်နီ(၂၀)ကျပ်သား၊ ကြက်ဥ(၅)လုံး၊ ချဥ်ပေါင်ရွက်တစ်စည်း စုစုပေါင်း(၅)မျိုးကို (၅၅၀၀)ကျပ်ဖြင့် သက်သာသောစျေးနှုန်းဖြင့် ရောင်ချပေးခဲ့ကြပြီး၊ ဖျာပုံမြို့နယ်အနေဖြင့် အခြေခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တိုင်းဒေသကြီးဒေသ ကော်မတီ(၅)ဖျာပုံမြို့နယ် ဆန်စက်၊ ဆန်ကုန်သည်များအသင်းနှင့် မြို့နယ် ဆီလုပ်ငန်းရှင်များ အသင်းတို့မှ အခါအားလျော်စွာ နေ့ရက်အလိုက် ဆန်နှင့် စားအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ဖျာပုံခရိုင်စားသုံးသူရေးရာ ဦးစီးဌာနရုံးမှသိရှိရသည်။
အောင်ဝင်းနိုင်
(ဖျာပုံခရိုင်/ဆက်)