လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် ၄င်း၏ မျိုးစိတ်သစ်  BA.4 နှင့် BA.5 ရောဂါပိုးများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျောင်းသား/ကျောင်းသူများ သိရှိလိုက်နာကြစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ အသိပညာပေးဟောပြောပွဲကို ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၂)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်း(၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက သာယာဝတီခရိုင် မီးသတ်ဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနား ပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီခန့်က မုဒုံ မြို့နယ် ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း၌ ပြုလုပ်သည်။

မချမ်းဘော့မြို့၌ ကိုဗစ် -၁၉ ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် Mask Campaign များပြုလုပ်

ကချင်ပြည်နယ်၊ ပူတာအို ခရိုင်၊ မချမ်းဘော့မြို့တွင် ကိုဗစ် - ၁၉ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် လမ်းသွားလမ်းလာပြည်သူများအား Mask Campaign ပြုလုပ်ခြင်းကို ဂူဘားလမ်းဆုံနှင့် စည်ပင်သာယာမြို့မဈေးရှေ့ တွင် စက်တင်ဘာလ ၁၀ ရက် နံနက် ၉နာရီ အချိန်တွင်ပြုလုပ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ပြည်သူများစားနပ်ရိက္ခာဖူလုံရေး အထောက်အကူဖြစ်စေရန်အတွက် စားအုန်းဆီတစ်ပိဿာ(၅၉၀၀)ကျပ်ဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ပြည်သူများစားနပ်ရိက္ခာဖူလုံရေး အထောက်အကူဖြစ်စေရန်ရည်ရွယ်ကာ ယနေ့နံနက်(၇)နာရီက ပြည်ပန်းကျေးရွာအုပ်စုမှ ပြည်ပန်း၊ တာတိုင်၊ ပေါက်ကုန်းကျေးရွာများမှ ပြည်သူများအား သက်သာသောဈေးနှုန်းဖြစ်သည့် စားအုန်းဆီ တစ်ပိဿာ (၅၉၀၀)ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ဂုဏ်ထူးရရှိ အောင်သင်ကြား ပေးသောဆရာ/ ဆရာမများအား ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အထက(၁) အခြေခံပညာ အထက်တန်းကျောင်း၊ တေဇခန်းမတွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်း ဆုံးကျောင်းများနှင့် ဂုဏ်ထူးရရှိအောင်သင်ကြားပေးသောဆရာ/ဆရာမများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် (၉)နာရီ အချိန်က ကျင်းပပြု လုပ်ခဲ့သည်။

ရွှေကျင်မြို့နယ် တံခွန်တိုင်ကျေးရွာတွင် မိုးသီးနှံစိုက်ပျိုးထုတ်လုပ်သူတောင်သူများ သီးနှံများအထွက်တိုးစေရန်  စိုက်ပျိုးရေးနည်းပညာပေး သင်တန်းပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ တံခွန်တိုင်ကျေးရွာ၊ ဆိပ်ကလေးတောင်သူပညာပေးစခန်းတွင် မိုးသီးနှံစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ သီးနှံအထွက်တိုးစေရန် စိုက်ပျိုးရေးနည်းပညာပေး သင်တန်းကို ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တံခါးမြို့နယ်တွင် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် ရပ်ကွက်များအတွင်းသို့ စာငှားဝန်ဆောင်မှုဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများ စာအုပ်စာပေများကို အလွယ်တကူဖတ်ရှုနိုင်စေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက စျေးပိုင်းရပ်ကွက်အတွင်းသို့ စာအုပ်စာစောင်များ ကွင်းဆင်း၍ ငှားရမ်းပေးခဲ့သည်။

နတ်တလင်းမြို့နယ် Community Centre ခန်းမတွင်လူကုန်ကူးမှု အသိပညာပေးTalk Show ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီ အချိန်က လူကုန်ကူးမှု အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ ပြည်သူများ စာပေဖတ်ရှုလေ့လာပြီး အပြန်အလှန်ဆွေးနွေးခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ဗဟုသုတ အတွေးအမြင်များ အပြန်အလှန်ရရှိစေရန်၊ စာပေချစ်မြတ်နိုးစိတ်နှင့် စာဖတ်ရှိန်မြင့်မားလာစေရန်တို့အတွက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁ဝ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to