မံစီ စက်တင်ဘာ ၁၂
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ကျေးရွာအဆင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့က ပူးပေါင်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သည့် စီမံကိန်းကျေးရွာများမှ ကော်မတီအဖွဲ့ဝင်များက တက်ရောက်လျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသည့် ဝန်ထမ်းများက နည်းပြဆရာများ အဖြစ်တာဝန်ယူကာ သင်တန်းသား သင်တန်းသူစုစုပေါင်း (၃၈)ဦးကို (၁)ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဖြိုးဝေက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဇာ်နိုင်ဝင်းတို့က စီမံကိန်းဆောင်ရွက်ရခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများကို သင်တန်း သင်ထောက်ကူပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မံစီမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက နမ့်မဖွဲကျေးရွာ၊ ကုန်းတိန်ကျေးရွာ၊ ဟန်ထက်ကျေးရွာနှင့် မံသာကျေးရွာတို့၌ ဆောင်ရွက်လျက်ရှိပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မံသဲကျေးရွာ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်
(ပြန်/ဆက်)