လဲချားမြို့နယ် နမ့်တုတ်၊ ဖာလံ၊ ပန်တန် ကျေးရွာအုပ်စုများရှိ မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန်ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် နမ့်တုတ်ကျေးရွာ၊ ဖာလံကျေးရွာနှင့် ပန်တန်ကျေးရွာအုပ်စုများရှိ မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ကော့ကရိတ်မြို့တွင် အသားငါးနှင့်ဟင်းသီးဟင်းရွက်များ သက်သာစျေးနှုန်းဖြင့် ရောင်းချပေး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ဒေသတွင်းစားနပ်ရိပ်က္ခာဖူလုံရေး၊  ဒေသခံပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ နယ်မြေခံတပ်မတော်သားများနှင့်  ဌာနဆိုင်ရာ ဝန်ထမ်းများပူးပေါင်း၍ ယနေ့နံနက် (၉) နာရီက လှိုင်ဝကျေးရွာ ဘောလုံးကွင်းတွင် အခြေခံစားသောက်ကုန်များကို သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် ကျောင်းသား/သူများအား နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ ၊ စာအုပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/သူများအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများကို ယနေ့နံနက် (၁၀)နာရီက တံတားဦးမြို့  အမှတ်(၃)ရပ်ကွက် မေဃဝန်အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ပေးကြောင်းသိရသည်။

မိုင်းဖြတ်မြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်ဖက်ချောင်းပေါ်ရှိ ဝမ်လုံးရေလွှဲဆည်မြေသားဘောင်ကျိုးမှုဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၁၂ ရက် နံနက်ပိုင်းက နမ့်ဖက်ချောင်းပေါ်ရှိ ဝမ်လုံးရေလွှဲဆည်အထက် လက်ဝဲဘက်အပိုင်းရှိ မြေသားဘောင် ပေ(၅၀)ခန့် ကျိုးပြတ် ခဲ့ကြောင်း သိရသည်။

လမိုင်းမြို့၌ ကိုဗစ်ကာကွယ်ဆေး အပိုဆောင်း (Booster) တတိယအကြိမ်နှင့် စတုတ္ထအကြိမ်ထိုးနှံပေး

မွန်ပြည်နယ်၊ လမိုင်းမြို့အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အပိုဆောင်း(Booster) တတိယအကြိမ်နှင့် စတုတ္ထအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက လမိုင်းမြို့မြို့မ(၂)ရပ်ကွက် မုနိပါလခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မိုင်းယုမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး(booster)တတိယအကြိမ်ထိုးနှံ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် ရပ်ကွက်/ကျေးရွာများရှိ ဒေသခံပြည်သူတို့ကို ကိုဗစ်-၁၉ကာကွယ်ဆေး(booster) တတိယအကြိမ် ထိုးနှံပေးမှုကို ယနေ့နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာအုပ်စုများရှိ စုရပ်နေရာတို့တွင် ထိုးနှံပေးခဲ့သည်။

ဝမ်းတွင်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် Mask Campaign ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(သဲတော-ဝမ်းတွင်း)တွင် ယနေ့နံနက်ပိုင်းက နှာခေါင်းစည်းတပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ သက်ကြီးအဘိုးအဘွား နိုင်ငံဝန်ထမ်းပင်စင်စားများနှင့် နိုင်ငံရေးပင်စင်စား (၁၃)ဦးတို့အား မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ကျေးရွာများအရောက် သွားရောက်ထုတ်ပေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် သြဂုတ်လအတွက် နိုင်ငံဝန်ထမ်းပင်စင်စားများနှင့် နိုင်ငံရေးပင်စင်စားသက်ကြီးဘိုးဘွားများအား ကျေးလက်ဒေသများအရောက် မြန်မာ့စီးပွားရေးဘဏ် စလင်းမြို့နယ် ဘဏ်ဝန်ထမ်းများက ယမန်နေ့က သက်ကြီးဘိုးဘွားများလက်ဝယ်အရောက် ပင်စင်လစာငွေများကို သွားရောက် ထုတ်ပေးခဲ့ကြောင်း သိရသည်။

သိန္နီမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံ ကဗျာ/စာစီစာကုံးပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့၌ အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်းပေါင်းစုံ ကဗျာ / စာစီစာကုံး ပြိုင်ပွဲကို စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီအချိန်က သိန္နီမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ရွှေစင်ခန်းမတွင် ကျင်းပခဲ့သည်၊၊
Subscribe to