ဟိုပန်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေ

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီ အချိန်က ဟိုပန်မြို့၊ မြို့မဈေးတွင် ဆောင်ရွက်ခဲ့သည်။

မန်တုံမြို့တွင် (Mask)များ အခမဲ့ ဝေငှ၍ ကျန်းမာရေးအသိပညာပေးဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်းရှိ ဒေသခံပြည် သူများအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် (Mask) များ စနစ်တကျ တပ်ဆင်နိုင်ရေးအတွက် ယနေ့နံနက်(၈) နာရီအချိန်က ပြည်သူများ အများဆုံး သွားလာရာနေရာများတွင် (Mask Campaign) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုကလိမြို့တွင် အစေ့ထုတ်ပြောင်းများ အထွက်နှုန်းတိုးတက်စေရေး ကွင်းဆင်းစစ်ဆေး

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ဆုံဆည်းမြိုင်ကျေးရွာရှိ အစေ့ထုတ်ပြောင်းများ အထွက်နှုန်း တိုးတက်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်း မှစတင်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးပေးကြောင်း သိရှိရသည်။

ဘုတ်ပြင်းမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ တာဆီးကာကွယ်ရေး ပူးပေါင်းအဖွဲ့များဖြင့်အရှိန်မြှင့်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပူးပေါင်းအဖွဲ့များက ယနေ့နံနက်က လူစည်ကားရာနေရာများနှင့် လမ်းဆုံများတွင် အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကျောင်းကုန်းမြို့၌ ယာဉ်အန္တရာယ် ကင်းဝေးစေရေး ပညာပေးလုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ယာဉ်အန္တရာယ်များကင်းဝေးစေရေးအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က ပူးပေါင်းအဖွဲ့မှ မြို့ထိပ်စစ်ဆေးရေးဂိတ်၌ ဆောင်ရွက်လျက်ရှိသည်။

လယ်ဝေးမြို့နယ်တွင် ပြည်သူများ ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ဆက်လက်ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လယ်ဝေးမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည်

ကျောင်းကုန်းမြို့ဥ သက်ကြီးဘိုးဘွား (၉၉၀)ဦးအား လူမှုရေးပင်စင်(၂၉၇)သိန်း ထောက်ပံ့ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် ဒုတိယ သုံးလပတ် (ဇူ လိုင်၊ ဩဂုတ်၊ စက်တင်ဘာ)လအတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အေးချမ်းသာယာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပင်းတယမြို့နယ်တွင် မြေပဲစိုက်တောင်သူများစျေးကောင်းရရှိ၍ အဆင်ပြေ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပင်းတယမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့် နယ်မြေဒေသ တစ်ခုဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့်လက်ဖက်၊ ဂျူး၊ ပဲပုတ်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပန်းကော်ဖီ၊ ပန်းမုန်လာ၊ ဆီနေကြာ၊ မြေပဲ၊ ပြောင်း၊ ထောပတ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တောင်ယာနှင့်လယ်ယာစသည့်တို့ကို

ပလောက်မြို့ ၊ မူလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့်စာအုပ်စာစောင်များငှားရမ်းဆောင်ရွက်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မူလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပလောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် Mobile စနစ်ဖြစ် နယ်လှည့် စာကြည့် တိုက်စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

လွိုင်လင်မြို့၌ ပါးစပ်နှာခေါင်းစည်း Mask အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ လွိုင်လင်မြို့ပေါ်၌ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမရှိစေရေး၊ ပြည်သူများက ပါးစပ်နှာခေါင်းစည်းတပ်ဆင်ကာသွားလာကြရန် အသိပညာပေးကာ Mask များအခမဲ့ဖြန့်ဝေခြင်းကို စက်တင်ဘာလ ၁၂ ရက် နံနက်(၁၀)နာရီက မြို့မဈေးကြီးရှေ့ နာရီစဉ်တွင်ပြုလုပ်သည်။
Subscribe to