သိန္နီ စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိုက်ပျိုးရေးတောင်သူများ စိုက်ပျိုးရေးလုပ်ကိုင်လျက်ရှိသော လယ်ယာများမှ ကျေးရွာအတွင်းသို့ ကုန်ထုတ်သီးနှံများ အဆင်ပြေချောမွေ့စွာ သယ်ယူနိုင်ရန်နှင့် သွားလာရေး လွယ်ကူစေရန် ရည်ရွယ်၍ ခုတ်နမ့်ကျေးရွာတွင် ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခုတ်နမ့်ကျေးရွာမှ စိုက်ပျိုးရေးလုပ်ကိုင်လျက်ရှိသော လယ်ယာများသို့ သွားရာလမ်း ၀/၆.၈ မိုင်အား ကျောက်ရောမြေအမျိုးအစားဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်သည်။ အဆိုပါ လမ်းခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စုခွင့်ပြုငွေ ကျပ်သန်း (၅၅.၇၅၀)ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး Maha K9 ကုမ္မဏီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ လမ်းခင်းခြင်းလုပ်ငန်းသည် ၉၅% ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့် အဆိုပါ လမ်းခင်းခြင်း လုပ်ငန်း ၁၀၀% ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ တောင်သူများအတွက် ကုန်ထုတ်သီးနှံစိုက်ပျိုးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)