မန်တုံမြို့နယ်ရှိ သမိုင်းဝင် လွယ်ဆိုင်တောင်ပေါ် ဘုရား၌ လက်ဖက်ပင်ပူဇော်ပွဲကျင်းပ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် လက်ဖက်ပင်ပူဇော်ပွဲကို အမှတ်(၂)ဘုရားကြီးရပ်ကွက်ရှိ သမိုင်းဝင် လွယ်ဆိုင်တောင်ပေါ်ဘုရား၌ နှစ်စဉ် တော်သလင်းလပြည့်နေ့တိုင်း စည်းကားတိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

သီပေါမြို့ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အမှတ်(၇) အခြေခံပညာမူလတန်းကျောင်းသို့ ယနေ့နံနက် (၉)နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စက်တင်ဘာ ၉ ရက် နေ့လယ် ၁၁ နာရီက မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွါးမှုမရှိစေရေး Mask Campaign ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းMaskများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၇)နာရီအချိန်က ပင်လုံမြို့မြို့မဈေးတွင် ပြုလုပ်ခဲ့ပါသည်။

သံတွဲခရိုင်၊ ငပလီမြို့၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း ဖွင့်လှစ်

ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (သံတွဲရုံးခွဲ)နှင့် မြန်မာနိုင်ငံဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရခိုင်ဇုံ)တို့ ပူးပေါင်းဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက  ငပလီမြို့ Diamond Ngapali Hotel ၌ကျင်းပ ပြုလုပ်သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာဖြင့်   ဆက်လက်ရောင်းချ

ဒေသခံပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့်  စားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပန်း​တောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဟောပြောပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဟောပြောပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။

ကာလိမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စက်တင်ဘာလ (၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်(၉)နာရီ အချိန်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး(Talk Show) ကို We Love Karli Facebook Pageတွင် Online မှ တစ်ဆင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လွှင့်တင်ဆောင်ရွက်ပြသပေးခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၅)စက်မှုလယ်ယာစခန်း၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်အစိုးရအဖွဲ့မှတီးတိန်မြို့ မြို့မ၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်း၌ လှူဖွယ်ဝတ္ထုများလှူဒါန်း

ချင်းပြည်နယ်တီးတိန်မြို့၌ ချင်းပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသောလှူဖွယ် ဝတ္ထုများအား လှူဒါန်းပွဲကိုမြို့မရပ်ကွက်ရှိ ထေရဝါဒ ဗုဒ္ဓသာသနာ ဗဟိုပြုကျောင်းတွင် ၁၀-၉-၂၀၂၂ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ကြောင်းသိရသည်။
Subscribe to