တောင်သာမြို့တွင် ဆီကုန်သည်ကြီးများအသင်းမှ အခြေခံလူတန်းစားများ စားသုံးဆီ ဖူလုံစေရေးအတွက် ဈေးနှုန်းချိုသာစွာဖြင့်ဆက်လက်ရောင်းချပေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စာသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် အခြေခံလူတန်းစားများ စားသုံးဆီ ဖူလုံစေရေးအတွက် မြစည်းခုံဘုရားကြီးဈေးတောင်ဘက် ဒေါ်မိုးမိုးဆီဆိုင်၌ ယနေ့နံနက် ၈ နာရီခွဲအချိန်မှ စတင်၍ စာအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးဟောပြောပွဲနှင့်ပုံ‌ပြောပြိုင်ပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူများဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ စာပေဖတ်ရှုလိုစိတ်မြင့်မားလာစေရန်နှင့် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်လာစေရန်ရည်ရွယ်၍ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှဦးဆောင်၍ ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ပေါက်ခေါင်းမြို့လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အသိပညာပေးဟောပြောပွဲနှင့် ပုံ‌ပြောပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လူထုအခြေပြုဗဟိုဌာန(Community Centre)၊ တောင်ကြီး၊ ကလေးစာဖတ်ခန်းတွင် ကာယ၊ ဉာဏပြိုင်ပွဲများကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည်ပိုမိုကောင်းမွန်လာစေရန်ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ ကလေးစာဖတ်ခန်းတွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားပြုလုပ်ကျင်းပ၊ ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်(၁၂၃)ဦး၊ ပြိုင်ပွဲအမျိုးအစား(၄၀)မျိုးဖြင့် ပါဝင်ယှဉ်ပြိုင်

ကချင်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကို ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်ဦးရေ (၁၂၃)ဦးတို့က ပြိုင်ပွဲအမျိုးအစား (၄၀)မျိုးဖြင့် (၃)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၂ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

နွားထိုးကြီးမြို့၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များစုပေါင်းသန့်ရှင်းရေးပြုလုပ်

၂၀၂၂ ခုနှစ် ၊အောက်တိုဘာ(၁)ရက်နေ့တွင်ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင် ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နွားထိုးကြီးမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့နံနက် ၇ နာရီက ပြည်သူ့ဆေးရုံတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။

လှိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက်၌​ ရာသီတုပ်ကွေးရောဂါ သိကောင်းစရာTalk Show ကျင်းပ

​ပြည်သူများ ရာသီတုပ်ကွေးရောဂါအ​ကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ ယ​နေ့နံနက် ၁၀:၀၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာ​ရေးဆရာမ​ပေါက်ပေါက်နှင့်ရာသီတုပ်ကွေး ရောဂါအ​ကြောင်း သိ​ကောင်းစရာအသိပညာ​ပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့သည်။

ဟင်္သာတမြို့နယ်၌ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမူနည်းပြ သင်တန်းဖွင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမူသင်တန်းကျောင်း အစည်းအဝေးခန်းမတွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲမူ နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

နမ္မတူတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း (ခိုဖိတ်) ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်ဒုံမြို့၊လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာအုပ်စာပေချစ်မြတ် နိုးသူများအသင်း( Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ဒေးဒရဲမြို့နယ် ဝိနည်းဓိုရ်သင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သာသနာသန့်ရှင်းတည်တံ့ ပြန့်ပွားစေရန်၊ သံဃာကိစ္စ သံဃာဆောင်ရွက်ရာတွင် ကျွမ်းကျင်လိမ္မာစွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဒေးဒရဲမြို့နယ် သံဃနာယကအဖွဲ့က ကြီးမှူးဖွင့်လှစ်သော မြို့နယ် ဝိနည်းဓိုရ်သင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သံဃနာယက ဆရာတော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Subscribe to