ကြံခင်းမြို့နယ် (အ.ထ.က) ထိန်ပင်မြောင်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကြံခင်း စက်တင်ဘာ ၁၂

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန နှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတတ်စေရန်၊ အနာဂတ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် အားကစား ကဏ္ဍဖွံ့ဖြိုးတိုးတတ်စေရန် ရည်ရွယ်ပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက (အ.ထ.က) ထိန်ပင်မြောင် ကျောင်းခန်းမအတွင်း ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ (နည်းစနစ်မှူး) ဒေါ်ခင်မိုးဝါ က လူငယ်နှင့် အားကစားဆိုင်ရာများ၊ လူငယ်နှင့် ခေါင်းဆောင်မှုအား အသိပညာပေး ပြောကြားပြီးနောက် (အ.ထ.က) ထိန်ပင်မြောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသန္တာနှင်းအား   အားကစားပစ္စည်းများ ပေးအပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ လူငယ်ရေးရာဟောပြောပွဲသို့ (အ.ထ.က) ထိန်ပင်မြောင် ကျောင်းအုပ် ဆရာမကြီး ဒေါ်မေသန္တာနှင်း၊  ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၄၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)