သံဖြူဇရပ်မြို့၌ ဒေသဖွံဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူများ၏လိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

သံဖြူဇရပ် စက်တင်ဘာ ၁၂

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံ​ဖြူဇရပ်မြို့နယ်၌ ရပ်ကွက်နေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက စက်တင်ဘာ ၁၂ ရက်နံနက် ၉ နာရီတွင် ဝါခရူကျေးရွာ တိုင်တစ်ရာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကွင်းဆင်း၍ ​​ ဒေသနေပြည်သူများနှင့် တွေ့ဆုံသည်။

ထိုသို့ စစ်ကြောင်းကြီးဆင်း(၅)ကြောင်းဖြင့် ကွင်းဆင်း​ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးခင်မောင်ထွန်းက ဝါခရူကျေးရွာ နေပြည် သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာ​ ရေး၊ လူမှုရေး၊ စိုက်ပျိုး မွေးမြူရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ လမ်းများ၊ စာသင်ကျောင်းများ ကောင်းမွန်စေရေးနှင့် လိုအပ်ချက်များရှိပါက တင်ပြနိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ​ မြို့နယ်စီမံအုပ်ချုင်ရေးအဖွဲ့ဝင် - ၁ ဗိုလ်မှူး သက်ထွန်းဦးက နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချပြရှင်းလင်းပြီး တရားဥပဒေစိုးမိုး​ရေးနှင့် လုံခြုံရေးဆိုင်ရာများ ဆွေးနွေးသည်၊၊

ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြေငြိမ်းဦးက အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များရှင်း လင်းပြောကြားပြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေး​နွေးရာ တက်ရောက်လာသည့် ကျေးရွာနေ ပြည်သူများ၏ တင်ပြမေးမြန်းချက်များအပေါ်  သက်ဆိုင်ရာတာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှုးရုံးမှ မြို့နယ်ဦးစီးမှုးနှင့်ဝန်ထမ်းများက အိမ်ထောင်စုသန်းခေါင်စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များအားရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကျန်းမာရေးဌာနမှ ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် ကိုဗစ်-၁၉ ကာကွယ်​ ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးအေးသီ (ပြန်/ဆက်)