လောက်ကိုင်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရန် အသိပညာပေး Mask Campagin ပြုလုပ်၍ နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးနိုင်ရန်အတွက် အသိပညာပေးပြုလုပ်၍ Mask များအခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က လောက်ကိုင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘုံခုနစ်ဆင့်(အသစ်)အဝိုင်းအနီး၊ ဗမာတန်းလမ်းမကြီးပေါ်ရှိ လူစည်ကားရာနေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ် ဥယျာဉ်(အ.မ.က)ကျောင်းသို့ Mobile library စနစ်ဖြင့် စာအုပ်များ အခမဲ့ငှားရမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသားလူငယ်၊လူရွယ်များ ပြင်ပစာပေ ဗဟုသုတရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး ယနေ့နံနက် ၁၀ နာရီအချိန်က Mobile library စနစ်ဖြင့် ဥယျာဉ် အခြေခံပညာ မူလတန်းကျောင်းသို့ ကွင်းဆင်းသွားရောက်၍ စာအုပ်များ(အခမဲ့) ငှားရမ်းပေးခြင်းကို ဆောင်ရွက်ကြသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ပဲခူးမြို့ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်း က ပဲခူးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်သောင်းကြမ်းသူများထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးကျူးဂုဏ်ပြုခြင်း အခမ်းအနား ကျင်းပခဲ့သည်။

မိုင်းယန်းမြို့နယ်၌ ဌာနဆိုင်ရာများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ သတိပြုကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လင်းခေးမြို့နယ် ဝမ်လွိုင်ရပ်ကွက် မြို့လယ်မီးပွိုင့်လမ်းဆုံတွင် အသိပညာပေးလှုပ်ရှားမှုအဖြစ် တတိယအကြိမ် Mask Campaign ဆက်လက်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးနှင့် ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာ တိုးမြင့်ပြန့်ပွားရေးအတွက် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့နံနက် ၇ နာရီအချိန်မှစ၍ လင်းခေးမြို့၊ ဝမ်လွိုင်ရပ်ကွက်၊ မြို့လယ်မီးပွိုင့်လမ်းဆုံတွင် အသိပညာပေးလှုပ်ရှားမှုအဖြစ် တတိယအကြိမ် Mask Campaign ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့အ.ထ.ကကျောင်း၌ အသက်(၁၈)နှစ်‌အောက် ကျောင်းသား‌ ကျောင်းသူများအား  ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံ

 ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာ သင်ကြားနေသော အသက် (၁၈)နှစ် အောက်  ကျောင် းသား/သူများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှ ကင်း ဝေးစေရန်နှင့် စိတ်‌‌အေးချမ်းသာစွာ ပညာသင်ကြားနိုင်‌စေရန်ရည်ရွယ်၍ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ အ.ထ.က ကျောင်း၌ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့်စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် ငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက ခေတ်ရှေ့ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် မြို့မဘုန်တော်ကြီးကျောင်းများသို့ သွားရောက် ငှားရမ်းပေးကြသည်။

ရှမ်းရွာသစ်မြို့တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရှမ်းရွာသစ်နယ်မြေရဲစခန်းတို့ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပလောက်မြို့၊ မူလတန်းလွန်ကျောင်း၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ မူလတန်းလွန်ကျောင်း၌ လူကုန်ကူးမှု အန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်က လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း၏ ရည်ရွယ်ချက်နှင့် လူကုန်ကူးမှုဆိုတာဘာလဲ လူကုန်ကူးမှုခံရခြင်း၏ အသွင်ပြင်လက္ခဏာများ၊ လူကုန်ကူးခံရသည့် အဓိကအကြောင်းအရာများကို ဟောပြောခဲ့သည်။
Subscribe to