စလင်း စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များအား Software Program ဖြင့်ထည့်သွင်းရိုက်ကူးခြင်းလုပ်ငန်းကို ဇူလိုင် ၁၈ ရက်နေ့မှ စတင်လုပ်ဆောင်ခဲ့ရာ ပြီးစီးခဲ့၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင် က စက်တင်ဘာ ၁၁ ရက် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် ကူညီဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများကို ဂုဏ်ပြုဆုငွေများကို တစ်ဦးခြင်းစီ ပေးအပ်ခဲ့သည်။
စလင်းမြို့နယ်တွင် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများအား စလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများ၊ အကူဝန်ထမ်းများဖြင့် ရိုက်ကူခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ စလင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စု (၆၁၃၀၅)စု လူဦးရေ (၂၅၈၀၀၀) ဦးခန့်ရှိရာ ၂၀၂၂ ခုနှစ် သြဂုတ်လ (၂၉) ရက်အပြီး ရေးသွင်းဆောင်ရွက်ရမည်ကို ရာနှုန်းပြည့်ပြီးစီးအောင်မြင်ခဲ့၍ စေတနာထားဆောင်ရွက်ခဲ့ကြသည့် ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများနှင့် အကူဖတ်ပြောဝန်ထမ်း စုစုပေါင်း (၉၄) ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က တစ်ဦးခြင်းစီဂုဏ်ပြုဆုငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်လွင်(ပြန်/ ဆက်)