ပေါက်ခေါင်းမြို့၌ လူသုံးကုန်ပစ္စည်းရောင်းချသည့်ဆိုင်များရှိ ဆပ်ပြာနှင့်သွားတိုက်ဆေးဗူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးကျော်ကျော်ထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍ ယနေ့နံနက်  ၁၀ နာရီက ပေါက်ခေါင်းမြို့  မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူသုံးကုန်ပစ္စည်းများရောင်းချနေသောဈေးဆိုင်များရှိ ဆပ်ပြာအမျိုးမျိုးနှင့် သွားတိုက်ဆေးဘူးများတွင် သတ်မှတ်ကုန်အမှတ်အသားတံဆိပ်များ ပြည့်စုံပါဝင်ခြင်းရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီခွဲက ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မုံးထမြို့၌ ဆီထွက်သီးနှံနှမ်းစိုက်တောင်သူများ ဈေးကောင်းရ၍ အဆင်ပြေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မုံးထမြို့၌ ဆီထွက်သီးနှံနှမ်းစိုက်တောင်သူများ ဈေးကောင်းရ၍ မိသားစု အပိုဝင်ငွေ ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စကားပုံဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတနှင့် အတွေးအခေါ်များ ပိုမိုကျယ်ပြန့်လာစေရန် ရည်ရွယ်၍ စကားပုံဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ကြောင်း သိရသည်။

သာယာဝတီမြို့နယ်အတွင်းရှိ အထည်ချုပ်စက်ရုံများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းဟိုဦးဆောင်၍ အဖွဲ့ဝင်ဗိုလ်မှူးကြည်မျိုးလွင်၊ မြို့နယ်ရဲမှူးခင်စိုးလွင်၊ မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သာယာဝတီမြို့နယ်အတွင်းရှိ အထည်ချုပ်စက်ရုံ(၃)ရုံသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်​ရေးအတွက် ကိုဗစ်​ရောဂါ ကာကွယ်​ဆေးများကို ထိုးနှံ​ပေးလျက်ရှိရာ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အိုးဘိုရပ်ကွက် မဟာပု​ညောပကာရဓမ္မာရုံတွင် ယ​နေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးများကို ဆက်လက်ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။

ကျုံပျော်ခရိုင်၊ အထောင်မြို့တွင် ကလေးငယ်များကို ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံ

ခြင်မှတစ်ဆင့် ကူးစက်တတ်သည့် ဗိုင်းရပ်စ်ရောဂါ တစ်မျိုးဖြစ်သည့် ဂျပန်ဦးနှောက်ရောင် ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် အထောင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း မြတ်လေးခန်းမတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ ကြောင်း ယနေ့နံနက်က သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရေး ဆက်လက်ရောင်းချပေး

ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ကြည့်မြင်တိုင်မြို့နယ် စျေးက​လေးရပ်ကွက်၊ စျေးက​လေး(၅)လမ်း ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံး​ရှေ့၌ ယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေး အသိပေးဟောပြောပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ဒေသထွက် ကွမ်းသီး(အနု)များ အဝယ်လိုက်ဈေးကောင်းရ၍ တောင်သူများအဆင်ပြေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသတွင် ဥယျာဉ်ခြံလုပ်ကိုင်သူ တောင်သူများအနေဖြင့်  ကွမ်းပင်များကို စီးပွားဖြစ် အဓိကစိုက်ပျိုးလျက်ရှိပြီး ကွမ်းသီးစိုက်ပျိုး ထွက်ရှိရာကျေးရွာများတွင် ယခင်က ကွမ်းသီး (အနု) များကို ဝယ်ယူဆွတ်ခူးရောင်းချမှုမရှိခဲ့သော်လည်း ယခုနှစ်တွင် ရပ်ဝေးမှ ကွမ်းသီးဝယ်လက်များက အဝယ်ဒိုင်များဖွင့်လှစ်၍ ဝယ်ယူမှုများရှိလာခဲ့ပြီး ဈေးကောင်းရရှိသောကြောင့် ကွမ်းသီးခြံပိုင်ရှင်များက ကွမ်းသီး(အနု) များ ဆွတ်ခူးရောင်းချလျက်ရှိကြောင်း သိရသည်။
Subscribe to