ကြည့်မြင်တိုင်မြို့နယ်တွင် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရေး ဆက်လက်ရောင်းချပေး

ကြည့်မြင်တိုင် စက်တင်ဘာ ၁၉

ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို  ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ကြည့်မြင်တိုင်မြို့နယ် စျေးက​လေးရပ်ကွက်၊ စျေးက​လေး(၅)လမ်း  ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံး​ရှေ့၌ ယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိစေရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးတို့အတွက် မြို့နယ်အထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးမျိုးညီညီ ဦး​ဆောင်​သော ဌာနဆိုင်ရာအဖွဲ့များမှ ရပ်ကွက်​နေပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥများ ရောင်းချ​ပေးလျက်ရှိကြောင်း သိရသည်။  

ခိုင်ဇာလင်း(ပြန်/ဆက်)