ဒဂုံအရှေ့ စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတနှင့် အတွေးအခေါ်များ ပိုမိုကျယ်ပြန့်လာစေရန် ရည်ရွယ်၍ စကားပုံဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းအိမွန်က ပြိုင်ပွဲများ ပြုလုပ်ရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များနှင့် ပိုမိုရင်းနှီး၍ စာဖတ်ခြင်း အလေ့အကျင့်များ ရရှိစေရန် ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စကားပုံဆက်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ (၂၀၂၂)စာအုပ်မှ အင်္ဂလိပ်-မြန်မာစကားပုံများ ဆက်ခြင်း၊ ဆေးရောင်ခြယ်ပြိုင်ခြင်းနှင့် ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြိုင်ပွဲသို့ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ပြီး ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)