ပေါက်ခေါင်းမြို့၌ လူသုံးကုန်ပစ္စည်းရောင်းချသည့်ဆိုင်များရှိ ဆပ်ပြာနှင့်သွားတိုက်ဆေးဗူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်

ပေါက်ခေါင်း      စက်တင်ဘာ     ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးကျော်ကျော်ထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍ ယနေ့နံနက်  ၁၀ နာရီက ပေါက်ခေါင်းမြို့  မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူသုံးကုန်ပစ္စည်းများရောင်းချနေသောဈေးဆိုင်များရှိ ဆပ်ပြာအမျိုးမျိုးနှင့် သွားတိုက်ဆေးဘူးများတွင် သတ်မှတ်ကုန်အမှတ်အသားတံဆိပ်များ ပြည့်စုံပါဝင်ခြင်းရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါပူးပေါင်းစစ်ဆေးရေးအဖွဲ့ဝင်များသည်  ပေါက်ခေါင်းမြို့ပေါ်ရှိ လူသုံးကုန်ပစ္စည်းများဖြစ်သော  အမွှေးဆပ်ပြာအမျိုးမျိုး၊ ဆပ်ပြာဆီဗူးများနှင့်လေဆာ၊ Signal၊ 3D၊ Colgate၊ Sensodyne သွားတိုက်ဆေးအမျိုးမျိုးတွင် သတ်မှတ်ထားသောကုန်ညွှန်း အမှတ်အသားတံဆိပ်များရိုက်နှိပ်ထားခြင်းရှိ/မရှိ၊ သတ်မှတ်အလေးချိန်ပါဝင်မှုရှိ/မရှိ၊ မြန်မာဘာသာဖြင့်ရေးသားဖေါ်ပြထားခြင်းရှိ/မရှိ၊ ထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိစစ်ဆေးဆောင်ရွက်ပြီး သတ်မှတ်ချက်များနှင့်ပြည့်စုံမှသာ ရောင်းချရန်တို့နှင့်စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့်ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံပါရှိမှသာ ရောင်းချရန်တို့ကို ဈေးဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)