လှိုင်မြို့နယ်တွင် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရေး နေ့စဉ်ရောင်းချပေး
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ လှိုင်မြို့နယ်တွင်လည်း အမှတ်(၁၂)ရပ်ကွက်၊ စက်မှုရိပ်သာလမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွင် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်မှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။