လိပ်သို စက်တင်ဘာ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသတွင် ဥယျာဉ်ခြံလုပ်ကိုင်သူ တောင်သူများအနေဖြင့် ကွမ်းပင်များကို စီးပွားဖြစ် အဓိကစိုက်ပျိုးလျက်ရှိပြီး ကွမ်းသီးစိုက်ပျိုး ထွက်ရှိရာကျေးရွာများတွင် ယခင်က ကွမ်းသီး (အနု) များကို ဝယ်ယူဆွတ်ခူးရောင်းချမှုမရှိခဲ့သော်လည်း ယခုနှစ်တွင် ရပ်ဝေးမှ ကွမ်းသီးဝယ်လက်များက အဝယ်ဒိုင်များဖွင့်လှစ်၍ ဝယ်ယူမှုများရှိလာခဲ့ပြီး ဈေးကောင်းရရှိသောကြောင့် ကွမ်းသီးခြံပိုင်ရှင်များက ကွမ်းသီး(အနု) များ ဆွတ်ခူးရောင်းချလျက်ရှိကြောင်း သိရသည်။
ကွမ်းသီး(အနု) များဝယ်ယူရာတွင် အလေးချိန် (၂၀) ဂရမ် မှ (၃၀) ဂရမ်အကြားရှိ အညှာမပြုတ် ဖင်ချွန်သီးများကိုသာ ဝယ်ယူကြပြီး ရင့်သောအသီးများ၊ အဝါရောင်သန်း သော အသီးများ၊ လုံးဝန်းသောအသီးများနှင့် သေးငယ်သောအသီးများကိုမူ ဝယ်ယူမှု မရှိ ကြောင်း သိရသည်။
လိပ်သိုဒေသတွင် မိသားစုစီးပွားဖြစ် ကွမ်းသီးပင်များ စိုက်ပျိုးရာမှ ကွမ်းသီး(အနု) များ အဝယ်လိုက်၍ ဈေးကောင်းရရှိလျက်ရှိရာ တစ်ပိဿာကို ကျပ် ၅၀၀ဝိ/ မှ ကျပ် ၆၀၀ဝိ/ အထိ အဝယ်ဒိုင်များတွင် ဈေးပေးဝယ်ယူလျက်ရှိပြီး အလုံးရေနှင့် ဝယ်ယူရာတွင် အပင်ခြေရင်းတွင် ကွမ်းသီး (အနု) တစ်လုံးလျှင် ကျပ် (၄၀) မှ ကျပ် (၅၀) အထိ ဈေး ကောင်းရရှိကြောင်း အပင်တက်ဆွတ်ခူးသူများနှင့် ခြံပိုင်ရှင်းများ အဆင်ပြေလျက်ရှိ ကြောင်း ကွမ်းသီးစိုက်ပျိုးသူ တောင်သူခြံပိုင်ရှင်တစ်ဦးထံမှ သိရသည်။
ခင်လေးနွယ် (လိပ်သို)