ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်ခဲ့သော ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီအချိန်က ပြင်ဦးလွင်မြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကမော္ဘဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်၊ ​မြောက်ပိုင်းရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေး

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉​ရောဂါ ကာကွယ်နိုင်​ရေးအတွက် ကာကွယ်​ဆေးများကို အရှိန်အဟုန်မြှင့် ထိုးနှံ​ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က ​ဖား​ဆောင်းမြို့နယ်၊​ မြောက်ပိုင်းရပ်ကွက်ရှိ ကိုဗစ်-၁၉​ရောဂါ စစ်ဆေး​ရေးဂိတ်၌ ထပ်​ဆောင်းကာကွယ်​ဆေးများ ထိုးနှံ​ပေးခဲ့​သည်။

နားမကြားသောကလေးများကျောင်း (၄၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်အကွက်(၈၅၈)၊ ရန်ကုန်-မန္တလေးလမ်းနှင့် စစ်ကိုင်းလမ်းခွဲရှိ နားမကြားသော ကလေးများကျောင်းတွင်  (၄၁)နှစ်မြောက် ကျောင်းနှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မြဝတီမြို့၌ ၂၀၂၂ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၂ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်၊ အားကစားရုံဝင်းအတွင်း၊ အပြင်သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ အားကစားရုံဝင်းအတွင်းအပြင်သန့်ရှင်း သာယာလှပရေး၊ ခြင်အန္တရာယ်မှ ကင်းဝေးစေရေး၊ ခြုံနွယ်များ၊ အမှိုက်များ၊ မြက်ပင်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများ ပြန်လည်ရှင်းလင်းခြင်း၊ အလှပန်းပင်များအောက်ခြေရှင်းလင်းခြင်း၊

ထားဝယ်မြို့တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(1) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် ပုံပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတတ်စေရန်ရည်ရွယ်ကာ ပုံပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ အထက်တန်းကျောင်း ဝေါအရှေ့တို့ ပူးပေါင်း၍ ကျင်းပသည်။

ဟိုပန်မြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူ(၆၅၄၈)ဦးအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး(Booster Dose)ထိုးနှံပြီးဖြစ်

ရှမ်းပြည်နယ်(​မြောက်ပိုင်း)၊"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ကြီးကြပ်၍ သက်ဆိုင်ရာ ဆေးထိုးအဖွဲ့များက ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးခဲ့ရာ ယနေ့အထိ

သနပ်ပင်မြို့နယ်၌ ဈေးသူဈေးသားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊  သနပ်ပင်မြို့နယ်တွင်  အသက်(၁၈)နှစ် အထက် ဈေးသူဈေးသားများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့မ‌ဈေးအတွင်း  သတ်မှတ်နေရာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို အရှိန်အဟုန်မြှင့်​ ဆောင်ရွက်

နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ကယားပြည်နယ်၊ ​​​ဘောလခဲခရိုင်၊ ဖား​​ဆောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ အိုမီခရွန် မျိုးရိုးဗီဇပြောင်း BA-4 ၊ BA-5 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာ​ပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို အရှိန်အဟုန်မြှင့်​ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈)နာရီခွဲအချိန်က ဖား​ဆောင်းမြို့ ​အဝင်​အထက်တန်း​ကျောင်း​ရှေ့၊ ကိုဗစ်-၁၉ ​ရောဂါကြိုတင် ကာကွယ်​ရေး စစ်​ဆေး​သည့်ဂိတ်၌ ပြုလုပ်ခဲ့​ကြောင်း သိရသည်။
Subscribe to