အလုံမြို့နယ်‌၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ တားဆီးကာကွယ်ရေး ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရေး Mask Campaign ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့် အခါတိုင်း ပါးစပ်၊ နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်သည့် အလေ့အကျင့် ကောင်းများ လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရေး Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်၌ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စု၊ မဲဇလီကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း တန်ဆောင်း၌ ယနေ့ မွန်းလွဲ ၁၂ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက် ဦးဆောင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှ ဒေသခံပြည်သူများ နှင့် တွေ့ဆုံ၍ တရားဥပဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  အိမ်ပြင်သွားလာကြသည့် ပြည်သူ့များအား Mask နှာခေါင်းစည်း တပ်ဆင်၍ သွားလာကြရေး အသိပေးနှိုးဆော်ခြင်းနှင့် Mask နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီချိန်က အမှတ် ၃ ရပ်ကွက် မြို့မစျေးကြီးနှင့် လမ်းဆုံလမ်းထောင့်တို့တွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

“၃၅ နှစ်တာ မွန်ထရီရယ် အောင်မြင်မှုခရီး- သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ကျုံပျော်ခရိုင်၊ အထောင်မြို့တွင် အခြေခံအိမ်ထောင်စု (၁၂၀)အား စားသောက်ကုန်များ ဈေးနှုန်းချိုစွာဖြင့် ဖြန့်ဖြူးရောင်းချ

ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် ခရိုင်၊ အထောင်မြို့၊ အမှတ် (၄) ရပ်ကွက် ရေတံခွန်ဘုန်းကြီးကျောင်းရှေ့တွင် အခြေခံအိမ်ထောင်စု (၁၂၀)အား အ‌ခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကို ယနေ့ နံနက် ၇ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် Booster(Sinovac)၊ Sinopharn၊ Covaxin၊ Sinovac ကာကွယ် ဆေးများရာနှုန်းပြည့် ပြီးစီးရေး ဆက်လက်ထိုးနှံပေး

ကန်ကြီးထောင့်မြို့နယ်တွင် (၁၉- ၉-၂၀၂၂) ရက်နေ့ နံနက် (၉) နာရီအချိန်က ကန်ကြီးထောင့်မြို့နယ်၊ အ.ထ.က (၁)တွင် ကျောင်းသား ကျောင်းသူ လေးများအား Sinopharm/Sinovac ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီး သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac)အား ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရပ်စောက်တွင် Online မှတစ်ဆင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲ(Talk Show) ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဘုတ်ပြင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်က ရုံးလမ်းလမ်းဆုံ၌ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် အခြေခံလူတန်းစားများအား သက်သာသောစျေးနှုန်းဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်များ ဆက်လက်ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အခြေခံလူတန်းစားများအားသက်သာသော ဈေးနှုန်းဖြင့် ဆန်နှင့် ကြက်ဥ၊ ဆား များအား ဆက်လက်ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီအချိန်တွင် အမှတ်(၃ )ရပ်ကွက် ညောင်ငူရပ်ကွက်တွင် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

ပလောက်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် စာဖတ်ပရိသတ်များ စုပေါင်း၍ ယနေ့နံနက် ၁၀နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  စာရေးဆရာ ချစ်စံဝင်းရေးသားသည့် “စိတ်စည်းကမ်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ကြသည်။
Subscribe to