မင်းလှမြို့တွင် ဒေသထွက်မီးထွန်းအရုပ်ကလေးများ ပြုလုပ်ရောင်းချသူများ အဆင်ပြေ

မင်းလှမြို့တွင် ဒေသထွက်မီးထွန်းအရုပ်ကလေးများ ပြုလုပ်ရောင်းချသူများ အဆင်ပြေ မင်းလှ စက်တင်ဘာ ၁၉ ပေါက်စ(မင်းလှ)

ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြင့်မားရေး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး ယနေ့မွန်းလွဲ(၂)နာရီက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ကျပန်း စကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်အတွင်းရှိ စျေးများတွင် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းနှင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒလမြို့မဈေးနှင့်အောင်ဇေယျဈေးတို့တွင် ယမန်နေ့က Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး မန္တလေးတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့်  စစ်ဆေးရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် တာဝန်ရှိသူများနှင့်အတူ ချမ်းမြသာစည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းနှင့် ပြတိုက်လမ်းထောင့်ရှိမန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် စက်တင်ဘာလ ၁၇ ရက်နေ့ နေ့လယ် ၃ နာရီခန့်က ဝန်ထမ်းများနှင့်တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ကလိုရင်းပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ မျိုးရီုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက် ၁၀နာရီအချိန်က ကလိုရင်းဆေးဖြန်းခြင်း လုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်လည်ပတ်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ရပ်သစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ်အတွင်း ကျောင်းသားကျောင်းသူ (၉၆၅) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster ထိုးနှံပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းဆောင်ရွက်

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ မြို့နယ်အတွင်းရှိ လူစည် ကားနေရာများတွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း၊ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း များကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီမှ စတင်ကာ  အထက (၁၆)တွင် ကျောင်းသား၊ ကျောင်းသူ (၉၆၅) ဦးအား ကိုဗစ်ရောဂါ ကာကွယ်ဆေး Booster ထိုးနှံပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် Hand Speaker ဖြင့် လိုက်လံအသိပေးခြင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့နံနက်(၉)နာရီအချိန်က ဧကရာဇ်ရပ်ကွက်ရှိ ရတနာသီရိစျေးအတွင်း၌ ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်ပြည်သူများအားလတ်တလောတွင် ဖြစ်ပွားလျက်ရှိသည့်

ကလိန်အောင်မြို့တွင် လူထုအခြေပြုဗဟိုဌာနတွင် ပုံတူဆွဲပြိုင်ပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပုံတူဆွဲပြိုင်ပွဲကို မွန်းလွဲ (၁)နာရီကကျင်းပခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အခမ်းအနားတက်ရောက်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရခိုင်ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီဝင်များ၊ ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာ ကော်မတီဝင်များ၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းဆိုင်ရာ ကော်မတီဝင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။
Subscribe to