ကြည့်မြင်တိုင်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ကြည့်မြင်တိုင်  စက်တင်ဘာ ၁၉

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်​ရေးအတွက် ကိုဗစ်​ရောဂါ ကာကွယ်​ဆေးများကို ထိုးနှံ​ပေးလျက်ရှိရာ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊  ကြည့်မြင်တိုင်မြို့နယ် အိုးဘိုရပ်ကွက် မဟာပု​ညောပကာရဓမ္မာရုံတွင် ယ​နေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးများကို ဆက်လက်ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါ ဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးညီညီနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်တမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံသူ ပြည်သူများအား အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေး ဦးတည်အုပ်စုများအလိုက်  ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးလျက်ရှိ​ကြောင်း သိရှိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)