မောက်မယ်မြို့နယ်၌ မီးဘေးအန္တရာယ်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်အတွင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား မီးလောင်မှု မီးလန့်မှုဖြစ်ပွားပါက လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ရဲ စခန်းဝန်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်ဒုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါနှင့်အိုမီခရွန်ရောဂါများအကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀ နာရီက စာကြည့်တိုက်သို့လာသည့် စာဖတ်၊ စာငှားများအား ကိုဗစ်-၁၉ရောဂါနှင့် အိုမီခရွန်ရောဂါများအကြောင်း အသိပညာပေး နံရံကပ် စာစောင်ပြသ ဆောင်ရွက်ခဲ့သည်။

ကမမောင်းမြို့တွင်  ကိုဗစ်-၁၉ကြိုတင်ကာကွယ်ရေးအတွက် ကိုးနဝင်းဘုန်းတော်ကြီး ကျောင်း၌ကျောင်းသား၊ကျောင်းသူများအား Covid -19 RDT စစ်ဆေးမှုဆောင်ရွက်ပေး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ကိုးနဝင်းဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား Covid-19 RDTစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်း(၁၁)နာရီချိန်က စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖူဆယ်ဒိုင်သင်တန်းဆင်းပွဲနှင့် ဖိတ်ခေါ်ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ဆုချီးမြှင့်၊ လေဆိပ်သန့်ရှင်းသာယာလှပရေး ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်ဖူဆယ်အားကစား နည်းပညာဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ၂၀၂၂ ခုနှစ်၊ မြစ်ကြီးနားခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ကချင်ပြည်နယ်လက်ရွေးစင် Old Star အဖွဲ့နှင့် ပြည်နယ်ဖူဆယ်ဆပ် ကော်မတီတို့ ပူးပေါင်း၍ မြန်မာနိုင်ငံဖူဆယ်အဖွဲ့ချုပ် ဒိုင်လူကြီးများအား ဖိတ်ခေါပြီး ဖူဆယ်ဒိုင်သင်တန်း ဆင်းပွဲနှင့် ဖိတ်ခေါ်ဖူဆယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကို ယမန်နေ့ ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ နောင်ရာဖူဆယ်ကွင်း၌ ကျင်းပပြုလုပ်သည်။

ကျိုက်လတ်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများ၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ယမန်နေ့ နံနက်ပိုင်း အချိန်မှစ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျိုက်လတ်မြို့နယ် ရဲတပ်ဖွဲ့မှ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်း လုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။

မိတ္ထီလာ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

မိတ္ထီလာခရိုင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်း ရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပကြောင်းသိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကမ္ဘာ့ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် “အိုဇုန်းလွှာနှင့် အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ခြင်း” စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကျောင်း သား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို

အမာမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်း‌ရေး အသိပညာပေး စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ အမာမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်း‌ရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းရှိစေရေး ပညာပေးစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက စတင်၍ မြို့အဝင်၊ အထွက် နေသူရိန်လမ်းမကြီးတွင် ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး စစ်ဆေးအသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး စစ်ဆေးအသိပညာပေးကွင်းဆင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to