အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများလက်ဝယ်အရောက် နေ့စဉ်ရောင်းချပေး
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရွှေဆံတော်ရပ်ကွက်နေ ပြည်သူများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့်မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ယနေ့ နံနက် ၁၀ နာရီက ရွှေဆံတော်ရပ်ကွက် ရွှေဆံတော်ဘုရားလမ်း၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။