မုံးထမြို့၌ ဆီထွက်သီးနှံနှမ်းစိုက်တောင်သူများ ဈေးကောင်းရ၍ အဆင်ပြေ

မုံးထ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မုံးထမြို့၌ ဆီထွက်သီးနှံနှမ်းစိုက်တောင်သူများ ဈေးကောင်းရ၍ မိသားစု အပိုဝင်ငွေ ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မုံးထမြို့နေ ဒေသခံပြည်သူများသည် မိသားစု စားသုံးဆီဖူလုံရေးနှင့် အပိုဝင်ငွေရရှိစေရန် ဆီထွက်သီးနှံနှမ်းနက်များကို စိုက်ပျိုးခြင်းနှင့် အခြားရာသီအလိုက် သီးနှံများကိုလည်း စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုဆီထွက်သီးနှံနှမ်းစိုက်ရာသီတွင် နှမ်းနက်တစ်ပုံးလျှင် ငွေကျပ် (၁၅၀၀၀) ရရှိကာ ဈေးကောင်းရရှိသဖြင့် မိသားစုစားသုံးဆီဖူလုံစွာရရှိသည့်အပြင် အပိုဝင်ငွေပါ ရရှိသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း နှမ်းစိုက်တောင်သူ ဒေါ်ပါလူ ထံမှသိရသည်။

နာဒါရှဲန်(ပြန်/ဆက်)